ပစ္စည်းဝယ်ယူခြင်း၊ လက်ခံခြင်း၊ ငွေပေးချေခြင်းနှင့် ကုန်ပစ္စည်းပေးသွင်းသူများကို ထိရောက်စွာ စီမံခန့်ခွဲလိုက်ပါ။
Table of Contents
Auto procurement with material request
အကောင်းဆုံး ဝယ်ယူရေးစနစ်ဆိုသည်မှာ လိုအပ်သော ပစ္စည်းများကို၊ မှန်ကန်သော အရေအတွက်ဖြင့်၊ သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ဝယ်ယူနိုင်ခြင်းပင် ဖြစ်ပါသည်။ ERPNext ၏ Buying module စနစ်သည် အရောင်း၊ စတော့နှင့် ထုတ်လုပ်မှုကဏ္ဍတို့ကဲ့သို့ မတူညီသော ဌာနအသီးသီးမှ အသုံးပြုသူများအား ပစ္စည်းလိုအပ်ချက် ပေါ်ပေါက်လာသည်နှင့်တပြိုင်နက် Purchasing Dept ထံသို့ အချက်ပြတောင်းဆိုမှုများကို ဆောင်ရွက်နိုင်ခွင့် ပေးထားပါသည်။

Auto stock replenishment with auto re-order
ERPNext သည် ပစ္စည်းတစ်ခုချင်းစီအတွက် သတ်မှတ်ထားသော အနည်းဆုံးရှိရမည့် လက်ကျန်ပမာဏ (Re-order level) နှင့် လက်ရှိစတော့ပမာဏကို နှိုင်းယှဉ်ပြီး ပစ္စည်းပြတ်လပ်မှုမရှိစေရန် Purchasing Dept ထံသို့ အလိုအလျောက် အချက်ပြ ပေးပို့ပါသည်။ ဤသည် သင်၏ဝယ်ယူရေးလုပ်ငန်းစဉ်အတွက် AI နည်းပညာသုံး စနစ်တစ်ခုကဲ့သို့ပင် အလွန်နီးစပ်ပြီး ထိရောက်မှုရှိစေပါသည်။

Rqeuest for quotation
Suppliers များအတွက် ၎င်းတို့၏ Supplier Portal မှတစ်ဆင့် သင်၏ ဈေးနှုန်းတောင်းခံလွှာ (RFQ) များကို တိုက်ရိုက်ဝင်ရောက်ကြည့်ရှုခွင့်ပေးခြင်းဖြင့် အပြန်အလှန်ဆက်သွယ်ရသော လုပ်ငန်းစဉ်များကို လျှော့ချပြီး ဈေးနှုန်းမေးမြန်းမှုကို ပိုမိုရိုးရှင်းစေပါသည်။
လိုအပ်သော အချက်အလက်အားလုံးကို အလွယ်တကူ ရရှိနိုင်သောကြောင့် ဝယ်ယူခွင့်အမှာစာ (Purchase Orders) ထုတ်ပြန်ခြင်းကိုလည်း လွယ်ကူသက်သာစေပါသည်။ ဤBuying workflow သည် သင့်အား အကြိမ်တိုင်းတွင် မှန်ကန်သော ဝယ်ယူမှုဆုံးဖြတ်ချက်များ ချမှတ်နိုင်စေရန် သေချာစေမည်ဖြစ်ပါသည်။

Supplier quotation
Supplier Quotation Report ကို အသုံးပြု၍ မတူညီသော ပေးသွင်းသူများအကြား ပစ္စည်းတစ်ခုချင်းစီ၏ ဈေးနှုန်းများကို အသေးစိတ် (Line-by-line) ခွဲခြမ်းစိတ်ဖြာနိုင်ပါသည်။ Supplier Quotation မှ ရရှိလာသော ကမ်းလှမ်းချက်များကို နှိုင်းယှဉ်ရန်၊ ထိရောက်စွာ ဈေးနှုန်းညှိနှိုင်းရန်နှင့် သင့်လုပ်ငန်းအတွက် အကောင်းဆုံးသော သဘောတူညီချက်များကို ရရှိစေရန် ကူညီပေးပါသည်။

Centralize procurements through PO
စနစ်တကျရှိပြီး ထိရောက်သော ဝယ်ယူမှုလုပ်ငန်းစဉ်ဖြစ်စေရန်အတွက် Purchase Orders များဖြင့် Purchasing ကဏ္ဍကို ဗဟိုမှ ထိန်းချုပ်စီမံလိုက်ပါ။
Lead နှင့် Opportunity Module ဖြင့် အရောင်းဆိုင်ရာ ဆက်သွယ်ပြောဆိုမှုများကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်ပြီး ပွင့်လင်းမြင်သာမှုကို တိုးမြင့်စေသည့်အပြင် အဖွဲ့ဝင်တိုင်းက အရောင်းအလားအလာ (Lead) များ၏ တိုးတက်မှုအခြေအနေကို အပြည့်အစုံ သိရှိနိုင်မည် ဖြစ်ပါသည်။ ဗဟိုမှ စီမံခန့်ခွဲသော Communication သည် အရောင်းဝန်ထမ်းများအကြား အရောင်းအလားအလာများကို လွှဲပြောင်းရာတွင် ပိုမိုလွယ်ကူစေပြီး၊ အသေးစိတ် အီးမေးလ်မှတ်တမ်းများ (Email log) က ထိရောက်သော မဟာဗျူဟာများ ချမှတ်နိုင်ရန်နှင့် အရောင်းပိတ်နိုင်ရန်အတွက် အပြည့်အဝ အထောက်အကူပြုပါသည်။

