အရောင်းဆိုင်နှင့် လက်လီလုပ်ငန်းများအတွက် အသုံးပြုရလွယ်ကူသော POS စနစ်
ERPNext ရဲ့ POS solution ဟာ အသုံးပြုရလွယ်ကူတဲ့ interface နဲ့ အားကောင်းတဲ့ ERP လုပ်ဆောင်ချက်တွေကို ပေါင်းစပ်ပေးထားပြီး လက်လီလုပ်ငန်းတွေရဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းပေးနိုင်ဖို့ ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။
ကုန်ပစ္စည်းစာရင်းများ (Product catalogs)၊ ကုန်ပစ္စည်းပေးပို့မှု (Stock deliveries) နဲ့ ငွေတောင်းခံလွှာ (Billing) တွေကို တစ်နေရာတည်းမှာ စီမံခန့်ခွဲနိုင်တာကြောင့် လုပ်ငန်းလည်ပတ်မှုတွေကို ပိုမိုမြန်ဆန်စေမှာပါ။
ဒါ့အပြင် ဝန်ထမ်းအလှည့်ကျ အပိတ် (Shift closures) တွေကို ရိုးရှင်းစေပြီး နေ့စဉ်ရောင်းအားအားလုံးကို Invoice တစ်ခုတည်းအဖြစ် စုစည်းပေးနိုင်တာကြောင့် လုပ်ငန်းစွမ်းဆောင်ရည်ကို သိသိသာသာ မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။
Table of Contents
Create items and prices
ကုန်ပစ္စည်းများဟာ လုပ်ငန်းခြေရာခံမှုအတွက် အဓိကအကျဆုံးယူနစ်ဖြစ်တာကြောင့် စနစ်တကျစီမံခန့်ခွဲမှု (Catalog management) ရှိဖို့က အလွန်အရေးကြီးပါတယ်။
- ဘားကုဒ်စနစ် (Barcodes): အရောင်းဘောင်ချာဖွင့်ရာမှာ ကုန်ပစ္စည်းတွေကို မြန်မြန်ဆန်ဆန်နဲ့ အမှားအယွင်းမရှိ ရှာဖွေနိုင်ဖို့ ဘားကုဒ်များ သတ်မှတ်ပေးနိုင်ပါတယ်။
- သက်တမ်းကုန်ဆုံးရက် စီမံခန့်ခွဲမှု (Batches & Expiry): သက်တမ်းကုန်ဆုံးနိုင်တဲ့ ကုန်ပစ္စည်းတွေအတွက် သက်တမ်းကုန်ဆုံးရက်ပါဝင်တဲ့ အသုတ်လိုက် (Batches) ခွဲခြားသတ်မှတ်နိုင်ပြီး စနစ်တကျ ကိုင်တွယ်ရောင်းချနိုင်မှာ ဖြစ်ပါတယ်။
- ဆိုင်ခွဲအလိုက် ဈေးနှုန်းသတ်မှတ်ခြင်း (Store-based Pricing): အကယ်၍ ဆိုင်ခွဲတစ်ခုနဲ့တစ်ခု ဈေးနှုန်းမတူညီပါက ဆိုင်အလိုက် ဈေးနှုန်းသတ်မှတ်ချက် (Item Pricing) ကို အသုံးပြုပြီး မှန်ကန်တဲ့ဈေးနှုန်းတွေကို အလိုအလျောက် ထည့်သွင်းနိုင်ပါတယ်။
ဤလုပ်ဆောင်ချက်များက ငွေတောင်းခံလွှာများကို တိကျစေပြီး လုပ်ငန်းလည်ပတ်မှုကို ချောမွေ့စေသည့်အပြင် ဆိုင်ခွဲအားလုံးရှိ ကုန်ပစ္စည်းလက်ကျန်များကို ပိုမိုကောင်းမွန်စွာ ထိန်းချုပ်နိုင်စေမှာ ဖြစ်ပါတယ်။

Create multiple stores in a few clicks
ERPNext တွင် ဆိုင်ခွဲတစ်ခုချင်းစီအတွက် သီးသန့် ဂိုဒေါင် (Warehouse) တစ်ခုစီ ဖန်တီးနိုင်ပြီး ကုန်ပစ္စည်းအဝင်၊ အထွက်နှင့် လမ်းကြောင်းပေါ်ရှိ ပစ္စည်းလက်ကျန် (In-transit) အားလုံးကို အချိန်နှင့်တစ်ပြေးညီ ခြေရာခံနိုင်ပါသည်။
လုပ်ငန်းတာဝန်များ တိကျသေချာစေရန်အတွက် ကုန်ပစ္စည်းလွှဲပြောင်းခြင်း၊ ဘောင်ချာဖွင့်ခြင်းနှင့် ငွေကောက်ခံခြင်းစသည့် လုပ်ဆောင်ချက်များတွင် သတ်မှတ်ထားသော လုပ်ပိုင်ခွင့်များ (Permissions) အလိုက် တာဝန်ယူမှု၊ တာဝန်ခံမှု (Accountability) ရှိရှိ ခွဲဝေသတ်မှတ်ပေးနိုင်ပါသည်။
ဆိုင်ခွဲတစ်ခုချင်းစီ၏ အရှုံးအမြတ် (Profitability) ကို သီးခြားစီ စောင့်ကြည့်စစ်ဆေးနိုင်ခြင်းကြောင့် လုပ်ငန်းကွန်ရက်တစ်ခုလုံး၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရန်နှင့် ပိုမိုကောင်းမွန်သော ရလဒ်များရရှိစေရန်အတွက် လိုအပ်သည့် အချက်အလက်များကို အခြေခံ၍ ဆုံးဖြတ်ချက်များ ချမှတ်နိုင်မည်ဖြစ်ပါသည်။

Manage billing counters
အရောင်းကောင်တာတစ်ခုချင်းစီအတွက် သီးသန့် POS အသုံးပြုသူ (POS User) တစ်ဦးစီ သတ်မှတ်ထားနိုင်ပြီး ဝယ်ယူသူအချက်အလက်၊ ဂိုဒေါင် နှင့် ငွေပေးချေမှုစနစ် စသည့် အခြေခံအချက်အလက်များကို ကြိုတင်သတ်မှတ် (Pre-configure) ထားနိုင်ပါသည်။
ဘားကုဒ်စနစ်ကို အသုံးပြု၍ ကုန်ပစ္စည်းများကို လွယ်ကူစွာ ရွေးချယ်နိုင်ပြီး လက်ရှိသတ်မှတ်ထားသော ပရိုမိုးရှင်းအစီအစဉ်များအပေါ် မူတည်၍ လျှော့ဈေး (Discounts) များကို အလိုအလျောက် တွက်ချက်ပေးမည် ဖြစ်သည်။ ထို့အပြင် ဝယ်ယူသူများအတွက် Loyalty points များကို ဘောင်ချာဖွင့်နေစဉ်အတွင်း တိုက်ရိုက်အသုံးပြု (Redeem) စေနိုင်ခြင်းဖြင့် ဝယ်ယူသူများ၏ စိတ်ကျေနပ်မှုကို မြှင့်တင်ပေးနိုင်ပါသည်။
POS UI ကြောင့် POS စက်များ၊ Desktop ကွန်ပျူတာများ၊ Tablet များ နှင့် လက်ကိုင်ဖုန်းများတွင်ပါ အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်သဖြင့် မည်သည့်နေရာတွင်မဆို လုပ်ငန်းကို အထိရောက်ဆုံး စီမံခန့်ခွဲနိုင်မှာ ဖြစ်ပါသည်။

Collection and POS invoice
ငွေပေးချေမှုစနစ်အမျိုးမျိုး (Payment modes) ကို လွယ်ကူစွာ ထည့်သွင်းပေးထားနိုင်ပါသည်။
စနစ်မှ ပြန်အမ်းငွေ (Change amount) ကို အလိုအလျောက် တွက်ချက်ပေးမည်ဖြစ်၍ မှားယွင်းမှုများကို အနည်းဆုံးဖြစ်အောင် လျှော့ချပေးနိုင်ပါသည်။ ထို့အပြင် POS ပရင်တာများအတွက် အထူးသင့်လျော်သော ပုံသေပုံစံ (Pre-defined print format) ပါဝင်သောကြောင့် Invoices များကို မြန်ဆန်စွာ ရိုက်နှိပ်ထုတ်ပေးနိုင်ပြီး ငွေပေးချေမှုလုပ်ငန်းစဉ်တစ်ခုလုံးကို ပိုမိုချောမွေ့စေမည် ဖြစ်ပါသည်။

Shift opening and closing
အလှည့်ကျတာဝန် (Shift) တစ်ခုစီ၏ အဆုံးတွင် တစ်နေ့တာအတွင်း ပြုလုပ်ခဲ့သော POS အရောင်းအဝယ်အားလုံးကို စုစည်း၍ Consolidated invoice တစ်ခု ထုတ်ပေးမည်ဖြစ်ပါသည်။
ဤနည်းလမ်းသည် တစ်ဦးချင်းစီ၏ အရောင်းမှတ်တမ်းများကို မပျောက်ပျက်စေဘဲ စာရင်းဇယားမှတ်တမ်းသွင်းခြင်း (Ledger posting) ကို ပိုမိုကောင်းမွန် စနစ်တကျဖြစ်စေပါသည်။ ERPNext POS သည် အရောင်းကောင်တာတစ်ခုချင်းစီ၌ တာဝန်စတင်ချိန် (Shift opening) နှင့် တာဝန်သိမ်းချိန် (Shift closing) လုပ်ငန်းစဉ်များကို စနစ်တကျ လုပ်ဆောင်နိုင်စေရန် သေချာစေသည့်အပြင် တစ်နေ့တာအတွင်း ငွေကောက်ခံရရှိမှု အချက်အလက်များကိုလည်း အချိန်နှင့်တစ်ပြေးညီ အပ်ဒိတ်လုပ်ပေးနိုင်ပါသည်။
Get in touch
