အရောင်းကဏ္ဍသည် လုပ်ငန်းတစ်ခု၏ တိုးတက်မှုကို မောင်းနှင်ပေးသည့် အင်ဂျင်ဖြစ်ပါသည်။ ERPNext သည် သင်၏ အရောင်းစနစ်တစ်ခုလုံး ချောမွေ့စွာ လည်ပတ်နိုင်စေရန် လိုအပ်သည့် ကိရိယာများဖြင့် ပံ့ပိုးပေးထားပါသည်။ ERP စနစ်တွင် ဖြစ်နိုင်ခြေရှိသော ဝယ်ယူသူများ (Prospects) နှင့် ၎င်းတို့၏ လိုအပ်ချက်များကို ခြေရာခံမှတ်သားခြင်းဖြင့် Sales Pipeline ကို ပိုမိုခိုင်မာအောင် တည်ဆောက်နိုင်ပါသည်။ ယှဉ်ပြိုင်မှုအားကောင်းပြီး စံချိန်စံညွှန်းမီသော ဈေးနှုန်းအဆိုပြုလွှာ (Quotations) နှင့် ပြေစာ (Invoices) များကို အားစိုက်စရာမလိုဘဲ အချိန်တိုအတွင်း ဖန်တီးနိုင်ခြင်းက သင့်ကို ပြိုင်ဘက်များထက် သာလွန်စေမှာပါ။ ထို့အပြင် ပစ္စည်းပို့လွှာ (Delivery notes) များနှင့် ရရန်ရှိငွေ (Accounts receivables) များကိုလည်း လွယ်ကူစွာ စီမံခန့်ခွဲနိုင်ပါသည်။
Table of Contents
Make professional quotations
Quotation တစ်ခုကို အချိန်တိုအတွင်း တင်ပြနိုင်ခြင်းက အရောင်းအောင်မြင်မှုနှုန်း (Conversions) ကို သိသိသာသာ မြင့်တက်စေနိုင်ပါသည်။
ERPNext ကို အသုံးပြုခြင်းဖြင့် ကြိုတင်သတ်မှတ်ထားသော အချက်အလက်များ (Master Data) မှတစ်ဆင့် Quotations များကို ချက်ချင်းဖန်တီးနိုင်ပါသည်။ ဝယ်ယူသူ (သို့မဟုတ်) Lead ကို ရွေးချယ်ပြီး ပစ္စည်းစာရင်းနှင့် သတ်မှတ်ချက်များကို ထည့်သွင်းရုံဖြင့် စက္ကန့်ပိုင်းအတွင်း အဆိုပြုလွှာတစ်ခု ထွက်ပေါ်လာမည် ဖြစ်သည်။

Run lightning fast order to delivery to cash cycle
ဝယ်ယူသူများ၏ အမှာစာများကို ပြည့်ပြည့်စုံစုံ သိမ်းထားခြင်းသည် ဖောက်သည်ဟောင်းများ ဆက်လက်မြဲမြံစေရန်အတွက် အဓိကကျသော အခြေခံအုတ်မြစ်ဖြစ်ပါသည်။ ကြိုတင်ငွေကောက်ခံခြင်းမှသည် ပစ္စည်းများကို အချိန်မီ ပေးပို့နိုင်ခြင်းအထိ သင်၏ ထောက်ပံ့ရေးကွင်းဆက် (Supply Chain) အဆင့်တိုင်းသည် ဝယ်ယူသူအမှာစာများ အောင်မြင်စွာ ဆောင်ရွက်နိုင်မှုအပေါ်တွင် မူတည်နေပါသည်။
အရောင်းသစ်များရရှိသည့်အခါ Sales Order ဖန်တီး၍ လက်ကျန်ပစ္စည်း (Stock) ရှိ၊ မရှိကို ချက်ချင်းသိရှိနိုင်ပါသည်။ အကယ်၍ ပစ္စည်းဖြည့်တင်းရန် လိုအပ်ပါက Sales Order မှတစ်ဆင့် Requisition ကို တိုက်ရိုက်ထုတ်ယူနိုင်ပါသည်။ သတ်မှတ်ထားသော Sales Order များအတွက် Batches အလိုက် သီးသန့်ဖယ်ထားနိုင်ပြီး ပစ္စည်းများ ပို့ဆောင်ရန် အဆင်သင့်ဖြစ်ပါက လုပ်ငန်းစဉ်များ ချောမွေ့စေရန် Logistics နှင့် စာရင်းကိုင်ဌာနတို့နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ပါသည်။
Set pricing rules
လျှော့စျေး (Discounts) များသည် ကာလတိုအတွင်း အရောင်းမြှင့်တင်ရန်နှင့် ဖောက်သည်ဟောင်းများ ပြန်လည်ဝယ်ယူလာစေရန် ဆွဲဆောင်နိုင်သည့် အစွမ်းထက်သော နည်းလမ်းတစ်ခု ဖြစ်ပါသည်။ အမှာစာများ ဖန်တီးသည့်အခါ လျှော့စျေးများ ထည့်သွင်းပေးနိုင်မည့် အခွင့်အရေးကို လက်လွတ်မခံပါနှင့်။
လျှော့စျေးပေးခြင်း လုပ်ငန်းစဉ်ကို အလိုအလျောက်စနစ် (Automation) ပြုလုပ်ထားခြင်းဖြင့် ဝယ်ယူသူများ စွဲမြဲလာစေရန် အခွင့်အလမ်းကို မြှင့်တင်နိုင်ပါသည်။ အမှာစာအသစ်များ ဖန်တီးသည့်အခါ ပစ္စည်းများအပေါ် လျှော့စျေးများ အလိုအလျောက် သက်ရောက်မှုရှိစေရန် ERPNext ရှိ Pricing Rules များတွင် ကြိုတင်သတ်မှတ်ထားနိုင်ပါသည်။
Use blanket orders to honour customer contracts
တန်ဖိုးကို အခြေခံသော လုပ်ငန်းတစ်ခု တည်ဆောက်ခြင်းသည် မိမိတို့၏ ကတိကဝတ်များကို တန်ဖိုးထား စောင့်ထိန်းခြင်းမှ စတင်ပါသည်။ အဓိကကျသော ဝယ်ယူသူများနှင့် ထားရှိထားသည့် အထူးစျေးနှုန်း သဘောတူစာချုပ်များကို Blanket Orders မှတစ်ဆင့် စနစ်တကျ မှတ်တမ်းတင်ထားနိုင်ပါသည်။
Order အသစ်များ ဖန်တီးသည့်အခါတွင်လည်း အဆိုပါ သဘောတူထားသည့် စျေးနှုန်းနှင့် အရေအတွက်များအတိုင်း ဖြစ်စေရန် သေချာစွာ ဆောင်ရွက်နိုင်ပါသည်။ ဤကဲ့သို့ ကတိကဝတ်များကို အစဉ်တစိုက် စောင့်ထိန်းခြင်းဖြင့် ဝယ်ယူသူများနှင့် ခိုင်မာသော ဆက်ဆံရေးကို တည်ဆောက်နိုင်ပြီး၊ ယင်းမှတစ်ဆင့် လုပ်ငန်းအပေါ် သစ္စာရှိမှုနှင့် ရေရှည်စီးပွားရေး အခွင့်အလမ်းများကို ပိုမိုရရှိစေမည် ဖြစ်ပါသည်။

Get timely payments from your customers
ငွေပေးချေရန် နောက်ကျနေသူများကို သိရှိနိုင်ရန် Accounts Receivables (ရရန်ရှိငွေ) အစီရင်ခံစာကို ကြည့်ရှုစစ်ဆေးနိုင်ပြီး၊ ငွေပေးချေမှုများ အချိန်မီရရှိစေရန်အတွက် အီးမေးလ်၊ WhatsApp သို့မဟုတ် Telegram တို့မှတစ်ဆင့် သတိပေးချက်များကို မိမိစိတ်ကြိုက် အလိုအလျောက် ပေးပို့နိုင်အောင် သတ်မှတ်ထားနိုင်ပါသည်။

Get in touch

